Technological University (Hmawbi)

News And Announcements

06-30-2020

ဌာနမှူး၊ မိသားစုဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ Microsoft Team ဖြင့် တွေ့ဆုံဆွေးနွေး

နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ စက်မှုအင်ဂျင်နီယာဌာန၏ ပထမနှစ် မှ ပဉ္စမနှစ်အထိ ကျောင်းသား/သူများသည် သက်ဆိုင်ရာ မိသားစုဆရာ/ဆရာမများနှင့်အတူ Online Meeting အနေဖြင့် Micorsoft Team အသုံးပြု၍ ဌာနမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် blended learning ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် Microsoft Team ဖြင့် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများကို စမ်းသပ်သင်ကြားနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထိုသို့ စမ်းသပ်သင်ကြားရာတွင် Second Semester မှ course များကို သင်ကြားမည်မဟုတ်ပဲ ကျောင်းသား/သူများ နှင့် တိုင်ပင်၍  သင်ကြားသူ၊ သင်ယူသူ အဆင်ပြေမည့် courses များကိုသာ အစမ်းသဘောဖြင့် ရွေးချယ်သင်ကြားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသား/သူများအနေဖြင့် ကျောင်း၏ official website များ၊  Department facebook page ၊ သက်ဆိုင်ရာမိသားစုဆရာ/ဆရာများနှင့် အဆက်အသွယ်မပြတ်ရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ယခုလိုထပ်မံတွေ့ဆုံ၍ သက်ကြားမည့် course များကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပါသည်။