Technological University (Hmawbi)

News And Announcements

03-12-2020

Department of Architecture Library Inauguration Ceremony

#မှော်ဘီဗိသုကာဌာနရဲ့ စာကြည့်တိုက်ကလေးကို ၂၀၂၀ မတ်လ ၁၂ ရက်နေ့က အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့တဲ့ အမှတ်တရ ပုံများ\ပါ။

# ၂၀၁၉ အောက်တိုဘာလကတည်းကစခဲ့တဲ့ ဒီ‌ Library Interior Project ရဲ့ ထူးခြားချက်က လက်ရှိပထမနှစ်ကနေ မဟာဗိသုကာတန်းအထိ ကျောင်းသူကျောင်းသားများရဲ့ စ-လယ်-ဆုံး ပါဝင်ဆောင်ရွက်မှူနဲ့ ပြီးမြောက်ခဲ့တာပါ။

#ဗိသုကာဌာနတစ်ခုအနေနဲ့ သင့်တင့်တဲ့ စာကြည့်တိုက်ရပ်ဝန်းလေးတခု ဖြစ်ပေါ်လာရေး ပြုပြင်စရိတ်နဲ့ စာအုပ်များလှူဒါန်းပေးခဲ့ကြတဲ့...
+ ပြည်တွင်းပြည်ပရှိ မှော်ဘီဗိသုကာကျောင်းသားဟောင်းစီနီယာ အစ်ကိုအစ်မများ၊
+ မြန်မာ - ဂျပန် - ထိုင်းနိုင်ငံများမှ အာခီတက် မမများ
+ Modular Architects Co. Ltd.
‌တို့ကို မှော်ဘီဗိသုကာမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်။

# အထူးသဖြင့်

+ Project စ လယ် ဆုံး  တာဝန်ယူအကောင်အထည်ဖော်‌ခဲ့ကြတဲ့ ဗိသုကာဌာနမှူး ပါမောက္ခ‌ေဒါက်တာနန္ဒာလင်း ၊ စာကြည့်တိုက်တာဝန်ခံ ဆရာမဒေါ်ညွန့်ညွန့်အောင်နဲ့ ပဉ္စမနှစ်ကျောင်းသားကျောင်းသူများ၊


+ Project Coordination မေတ္တာဖြင့်ဆောင်ရွက်ပေးတဲ့ ကိုမြတ်ကောင်း (WEER) ၊

+ Interior Painting တာဝန်ယူပေးတဲ့ ဆရာမဒေါ်အေးမြတ်စု နဲ့ Jotun Paints Co. Ltd.

+ မတ် ၁၂ ၊ စာကြည့်တိုက်ဖွင့်ပွဲအတွက် ကူညီပေးခဲ့ကြတဲ့ ဆရာမဒေါ်သိင်ဂီဝင်းထက်နဲ့ စီနီယာ ဂျူနီယာကျောင်းသားကျောင်းသူများအားလုံး၊

+ ကြွရောက်ဂုဏ်ပြုပေးကြတဲ့ ဗိသုကာဆရာမများနှင့် ပြင်ပ ဧည့်သည်တော်များ အားလုံး...

ကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်

06-30-2020

ဌာနမှူး၊ မိသားစုဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ Microsoft Team ဖြင့် တွေ့ဆုံဆွေးနွေး

နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ စက်မှုအင်ဂျင်နီယာဌာန၏ ပထမနှစ် မှ ပဉ္စမနှစ်အထိ ကျောင်းသား/သူများသည် သက်ဆိုင်ရာ မိသားစုဆရာ/ဆရာမများနှင့်အတူ Online Meeting အနေဖြင့် Micorsoft Team အသုံးပြု၍ ဌာနမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် blended learning ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် Microsoft Team ဖြင့် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများကို စမ်းသပ်သင်ကြားနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထိုသို့ စမ်းသပ်သင်ကြားရာတွင် Second Semester မှ course များကို သင်ကြားမည်မဟုတ်ပဲ ကျောင်းသား/သူများ နှင့် တိုင်ပင်၍  သင်ကြားသူ၊ သင်ယူသူ အဆင်ပြေမည့် courses များကိုသာ အစမ်းသဘောဖြင့် ရွေးချယ်သင်ကြားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသား/သူများအနေဖြင့် ကျောင်း၏ official website များ၊  Department facebook page ၊ သက်ဆိုင်ရာမိသားစုဆရာ/ဆရာများနှင့် အဆက်အသွယ်မပြတ်ရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

လာမည့် ဇူလိုင်လဆန်းပိုင်းတွင် ယခုလိုထပ်မံတွေ့ဆုံ၍ သက်ကြားမည့် course များကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပါသည်။