Technological University (Hmawbi)

ဆဋ္ဌမအကြိမ်မြောက် တက္ကသိုလ်များဓမ္မသဘင်အထူးတရားသင်တန်းပွဲ

01-22-2020

      ***** ကျေးဇူးတင်လွှာ *****

 

ယနေ့ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် တက္ကသိုလ်များဓမ္မသဘင်အထူးတရားသင်တန်းပွဲသို့ တရားတော်နာကြွရောက်‌နိုင်ရေးအတွက် ကားများစီစဉ်ပေးပါသော ကျွန်‌တော်များ နည်းပညာတက္ကသိုလ် (မှော်ဘီ) ၏ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာကေသီလွင် နှင့် မိသားစု၊

နဝကမ္မအလှူငွေထည့်ဝင်ပေးကြပါသော ဌာနအသီးသီးမှဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများ

တရားပွဲကိုစိတ်ပါဝင်စားလာစေရေးနှင့် ဓမ္မဒါနအလှူတော်ငွေရရှိရေးတို့အတွက် တက်ကြွစွာဦးစီးဆောင်ရွက်ပေးပါသော ကျွန်တော်များ ဗုဒ္ဓဘာသာမိသားစုဝင်တစ်ဦးဖြစ်သော သင်္ချာဌာနမှ ဌာနမှူး ဒေါက်တာတင်တင်ကြီး၊

တရားပွဲတွင်လုပ်အားဒါနပြုကြသော‌ကျောင်းပေါင်းစုံမှာကျောင်းသားကျောင်းသူများအတွက် နေ့လည်စာအာဟာရဒါနကို တတက်တအားပါဝင်ကုသိုလ်ပြုပေးပါသော ကျွန်တော်များ ဗုဒ္ဓဘာသာမိသားစုဝင် ဆရာဦးသူမင်းထိုက်၊

ကျောင်းသားကျောင်းသူများတရားပွဲသို့လိုက်ပါနိုင်ရေးအတွက် Tutorial များ စာသင်ချိန်များကို အဆင်ပြေစေရန်ပြုလုပ်ပေးပါသော နည်းပညာတက္ကသိုလ်(မှော်ဘီ) ဌာနဆိုင်ရာအသီးသီးမှဆရာဆရာမများ၊

တရားပွဲသို့ စိတ်အားထက်သန်စွာလိုက်ပါ၍ တရားတော်နာကြွရောက်ပေးပါသောဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ နှင့် တရားပွဲတွင်လုပ်အားဒါန ကုသိုလ်ယူပေးခဲ့ကြသော မိသားစုဝင်ညီအစ်ကိုမောင်နှမအားလုံးကို ကျွန်တော်များ နည်းပညာတက္ကသိုလ်(မှော်ဘီ)- ဗုဒ္ဓဘာသာမိသားစုမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ယနေ့ပြုလုပ်ခဲသမျှကုသိုလ်ဒါနတို့အတွက် ဝမ်းမြောက်နုမော သာဓုခေါ်ဆိုအပ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်ဗျာ့။

ဗုဒ္ဓဘာသာမိသားစု- နည်းပညာတက္ကသိုလ်(မှော်ဘီ)

Photos